မရရအောင်ဇွဲနဲ့  ကျိုးစားပါ၊ သေချာဖတ်ပါ ၊ရအောင်လေ့ လာပါ၊ လိုအပ်ယင်ကူးယူသွားပါ၊ မြန်မာနိုင်ငံသား အားလုံးအတွက်၊ပညာဓါန မျိုးစေ့  များကို အွန်လိုင်းကနေကူးယူရှာဖွေတင်ပြလက်ဆင့် ကမ်းထားတာပါ

ပြောပြခြင်ပါတာကတော့ 

My photo
Malaysia
လောကကြီးတွင်ရုက္ခ-သတ္တဗေဒ အသက်ရှင်နေထိုင်သော-သတ္တဝါတိုင်းသည်-သူ့ နည်းဖြင့်သူ စူးစမ်းလေ့လာ စမ်းသပ်ကြသည်မှာဧကန်မလွဲပါ-ဒီလိုစမ်းသပ်လေ့ လာရင်းနှင့်အောင်မြင်ကျော်ကြားတဲ့လူတွေ-ရှိသလို-ကျရှုံးသွားတဲ့လူတွေလည်းရှိကြပါတယ်-ဒီအထဲမှာ-သင်နှင့်ကျွန်ုပ်တို့ဟာ-ဟောဒီကမ္ဘာကြီးတွင် သက်ရှင်နေထိုင်နေသမျှကာလပါတ်လုံး-အရာရာအားလုံးကိုစူးစမ်းအောင်မြင်သမိုင်းတွင်ရစ်သော-လှုသားတို့ ဖြစ်ကြပါစေ(ကိုဂေါ်လီ-အလင်းရောင်ကြယ်မှ)

ကော်နက်ရှင် မကောင်းလည်း Youtube ဗီဒီယို ကောင်းကောင်း ကြည့်ရန်

ကော်နက်ရှင် မကောင်းလည်း Youtube ဗီဒီယို ကောင်းကောင်း ကြည့်ရန်

မန်မာပြည်ကနေ Youtube ဗီဒီယိုကို မထစ်မငေါ့ပဲ ဖြောင့်ဖြောင့်တန်းတန်း ကြည့်ဖို့ဆိုတော့ လောလောဆယ်မှာ မလွယ်ကူတဲ့ အနေအထား တစ်ခု ဖြစ်ပါတယ်။ သို့ပေမ့ယ် ဒါကို ဖြေရှင်းပေးမယ့် နည်းလေးလေး တွေ့ လိုက်ပါပြီ။ Feather Beta ဆိုတာလေးပါ။ Youtube မှာ ပါတဲ့ Like , Comments, Links နဲ့ ဆိုဒ်ကိုလေးစေတဲ့ အခြားအခြားသော UI နဲ့ Gadgets တွေကို ဖြုတ်ထားပေးမှာ ဖြစ်ပါတယ်။

အောက်ပါ လခ့်ကနေ ဝင်ရပါမယ်။ ပြီးတော့ ပုံမှာပြထားတဲ့ Join "Feather" Beta ဆိုတာလေးကို နှိပ်ယုံပါပဲ။ ပြီးရင် ကိုယ်ကြည့်ချင်တဲ့ Youtube က ဗီဒီယို၊ MTV တွေကို ရှာပြီး ကြည့်လိုက်ရုံပါပဲ။စတင်လုပ်ရန်အောက်ပါလင့် ခ်ကိုနိပ်လိုက်ပါ။

http://www.youtube.com/feather_beta

အသုံးပြုလို့ အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်။

Related Posts Plugin for WordPress, Blogger...

Thursday 27 December 2012

လေယာဉ်ပျံတစ်စင်းရဲ့ မှတ်တမ်းတင် ကိရိယာ Black-box

Written by ကိုအောင်ချမ်းမြေ့

black-box ဆိုတာ ဘာလဲ? 



လေယာဉ်မတော်တဆဖြစ်မှုများ ဒါမှမဟုတ် လေယာဉ်ပျက်ကျမှုများမှာ မှတ်တမ်းတင်နိုင်ဖို့အတွက် black-box ကိုသုံးပါတယ်… black-box မှာ အဓိက အစိတ်အပိုင်းနှစ်မျိုးပါပါတယ်… ပထမ တစ်ခုကတော့ Flight Data Recorder (FDR)လို့ခေါ်တဲ့ ပျံသန်းမှု အချက်အလက်များကိုမှတ်သားပေးနိုင်တဲ့recorder ပါ… နောက်တစ်ခုကတော့Cockpit Voice Recorder (CVR) လို့ခေါ်ပါတယ်…ဒါကတော့ လေယာဉ်ပေါ်မှာ တာဝန်ထမ်းဆောင်ကြတဲ့လေယာဉ်မှုးနဲ့တကွအခြား အမှုထမ်းများရဲ့ စကားပြော ဆက်သွယ်မှုများကို မှတ်သားပေးတဲ့recorderပေါ့…


Black-box = FDR + CVR

ဒေတာအချက်အလက်တွေကို ဘယ်လိုသိမ်းမလဲ

သိမ်းပေးမယ့်ပစ္စည်းက နှစ်မျိုးရှိပါတယ်… magnetic tape နဲ့solid-state device ပါ… ဒီနှစ်မျိုးထဲက တစ်မျိုးမျိုးသုံးနိုင်ပါတယ်… magnetic tape တွေကတော့ခံနိုင်ရည် သိပ်မရှိပဲပျက်စီးလွယ်ပါတယ်… solid-statedevice ကတော့ ပိုပြီးခံနိုင်ရည်ရှိသလို အချက်အလက်တွေကိုသိမ်းဆည်းရာမှာလဲ ပိုပြီး မြန်ပါတယ်… black-box ကသိမ်းပေးမယ့် အချက်အလက်အချို့ကအောက်ပါအတိုင်းဖြစ်ပါတယ်…


ပျံသန်းမှုအရှိန်နှုန်း(Acceleration) ပျံသန်းမှုအမြန်နှုန်း(AirSpeed) ပင်လယ်ပြင်မျက်နှာပြင်အမြင့် (Altitude) လေယာဉ်တောင်ပံအနေအထား(Flap Setting) ပြင်ပအပူချိန် (External Temperature) လေယာဉ်တွင်းအပူချိန် (Cabin Temperature) ဖိအား(Pressure) အင်ဂျင် စွမ်းဆောင်မှုအနေအထား(Engine Performance)

ဒါတွေကတော့black-box ကသိမ်းမယ့် ဒေတာအချက်အလက်အချို့ပါ.. ကြီးမားတဲ့ လေယာဉ်ကြီးတွေမှာ ဒီလိုမျိုးအချက်အလက်ပေါင်း ၇၀၀ကျော်ကိုblack-box ကမှတ်သားမှာပါ… black-box မှာ on-board generatorပါပါတယ်.. အဲဒါနဲ့ ပါဝါပေးမှာဖြစ်ပြီးDCပေးရင် 28V နဲ့ AC ပေးရင်115V

Black-box ကိုတီထွင်ခဲ့သူAustralia နိုင်ငံသားDavid

CVR (cockpit voice recorder) ဒီrecorderလေးကတော့အထက်မှာ ပြောခဲ့တဲ့အတိုင်းပဲ လေယာဉ်အမှုထမ်းတွေရဲ့ စကားပြောဆိုဆက်သွယ်မှုကိုမှတ်သားပေးမယ့်အပြင် လေယာဉ်တွင်းမှာရှိတဲ့အခြားအသံတွေကိုလဲ မှတ်တမ်းတင်မှာပါ… ဒီdevice လေးထဲမှာ မိုက်ခရိုဖုန်းများပါဝင်ပြီး သိမ်းရင်digital format နဲ့ သိမ်းပါတယ်… တစ်ခါတစ်လေ အသံကတိုးနေနိုင်တဲ့အတွက်ထပ်ချဲ့ (amplify) လုပ်ပြီးမှသိမ်းမှာပါ…storage device က magnetic tape ဆိုရင် မိနစ် ၃၀ သာ သိမ်းနိုင်မှာဖြစ်ပြီး solid-state ဆိုရင်တော့၂နာရီစာ သိမ်းမှာပါ… သိမ်းနိုင်တဲ့ ဒေတာပြည့်ပြီးတိုင်း နောက်ထပ်အသစ်သိမ်းမယ့် ဒေတာများကို overwrite(ဖျက်ပြီးအသစ်တွေကို ထပ်သိမ်း)နည်းကိုသုံးမှာပါ

Flight Data Recorder (FDR) ဒီဟာကတော့ပျံသန်းမှုစနစ်တစ်ခုလုံးရဲ့မှတ်တမ်း အချက်အလက်တွေကိုသိမ်းမှာပါ… ခလုပ်လေး(switch လေး) တစ်ခုရဲ့အဖွင့်အပိတ်ကအစ မှတ်တမ်းတင်သွားမှာဖြစ်ပါတယ်… လေကြောင်းဥပဒေအရ မှတ်တမ်းတင်သိမ်းမယ့် ဒေတာအမျိုးအစား(parameter)က အနည်းဆုံး ၈၈ခု အထိရှိရမယ်လို့သိရပါတယ်…FDR device မှာတော့ solid-statedevice သုံးမယ်ဆိုရင်dataသိမ်းတာ ပိုမြန်မယ့်အပြင်၂၅နာရီကြာတဲ့ အတိုင်းအတာ ထိ သိမ်းဆည်းမှတ်တမ်းတင်နိုင်မှာပါ…

black-box ရဲ့ကြံ့ခိုင်မှု လေယာဉ်တစ်စီးရဲ့ အရေးပေါ် အခြေအနေ (သို့) ပျက်ကျတဲ့ အခြေအနေတွေမှတ်တမ်းတင်တဲ့ တစ်ခုတည်းသော အရာကblack-box ပါ… လေယာဉ်ပျက်စီးခဲ့လို့ အခြားအစိတ်အပိုင်းတွေ ဘယ်လိုပဲ သဲလွန်စ ရှာမရအောင် ပျောက်ပျက်သွားပါစေ… black-box ကတော့ မှတ်တမ်းတင်ပြသနိုင်တဲ့ တစ်ခုထဲသော ပစ္စည်းအဖြစ်နဲ့ ကျန်ခဲ့ရပါမယ်…ဒါကြောင့်FDR နဲ့CVR တို့ကို crash-survivable memory units (CSMUs)လို့ ခေါ်ကြပါတယ်…

black-box တွေကိုလေယာဉ်ထုတ်လုပ်ပေးတဲ့ စက်ရုံတွေကပဲ တစ်ခါတည်းတပ်ဆင်ပေးလိုက်တာပါ… အများသောအားဖြင့်လေယာဉ်ရဲ့အမြီးပိုင်းမှာ ထားလေ့ရှိပါတယ်… ကျွမ်းကျင်သူများ အဆိုအရ လေယာဉ်အမြီးပိုင်းကအပျက်အစ်ီးအနည်းဆုံး အပိုင်းဖြစ်တယ်လို့သိရပါတယ်… ဒါပေမယ့် လေယာဉ်အမျိုးအစာပေါ် လိုက်ပြီး blak-box ထားတဲ့ နေရာအနည်းငယ်ကွဲလေ့ရှိပါတယ်… အထိအခိုက်အနည်းဆုံးဖြစ်နိုင်တဲ့နေရာတွေမှာပဲ တပ်ဆင်ကြတာပါ…

ဒါကြောင့်black-box ဟာ လေယာဉ်မတော်တဆမှုတွေ ဖြစ်ပြီးတိုင်း ဖြစ်ရတဲ့ အကြောင်းအရင်း(root cause) ကိုစုံစမ်းစစ်ဆေးနိုင်ဖို့အတွက် တစ်ခုထဲသော အရာအဖြစ် လေယာဉ်တိုင်းမှာ အသုံးပြုနေကြတာပဲဖြစ်ပါတယ်

လေယာဉ်ပျက်စီးမှုတစ်ခုအပြီးတွင်တွေ့ရသော black-box (အဆိုပါ black-box ကို ကျွမ်းကျင်သူများက စစ်ဆေးမှာ ဖြစ်ပါတယ်)

အောင်ချမ်းမြေ့ (ကို Osaung) ဗဟုသုတ ရနိုင်စေရန်အတွက်သာ ရည်ရွယ်ပါတယ်...

No comments:

Post a Comment

နောက်ဆုံးတင်ထားသောပို့ ၁၀ခုစာဖတ်ရန်အရုပ်ပုံသို့ ခေါင်းစဉ်သို့ Read more စာအားကလစ်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

အမြဲရှာဖွေတင်ပြသွားသောမှတ်တမ်းမျာဖတ်ရန်

မိတ်ဆွေတို့ မှအကြောင်းအမျိုးမျိုးအကြံကောင်းလေးများရေးသားနိုင်ပါတယ်

ဒစ်ကာဘာရီခိုက်တဲ့ သယ်ရင်းများ

Flag Counter