မရရအောင်ဇွဲနဲ့  ကျိုးစားပါ၊ သေချာဖတ်ပါ ၊ရအောင်လေ့ လာပါ၊ လိုအပ်ယင်ကူးယူသွားပါ၊ မြန်မာနိုင်ငံသား အားလုံးအတွက်၊ပညာဓါန မျိုးစေ့  များကို အွန်လိုင်းကနေကူးယူရှာဖွေတင်ပြလက်ဆင့် ကမ်းထားတာပါ

ပြောပြခြင်ပါတာကတော့ 

My photo
Malaysia
လောကကြီးတွင်ရုက္ခ-သတ္တဗေဒ အသက်ရှင်နေထိုင်သော-သတ္တဝါတိုင်းသည်-သူ့ နည်းဖြင့်သူ စူးစမ်းလေ့လာ စမ်းသပ်ကြသည်မှာဧကန်မလွဲပါ-ဒီလိုစမ်းသပ်လေ့ လာရင်းနှင့်အောင်မြင်ကျော်ကြားတဲ့လူတွေ-ရှိသလို-ကျရှုံးသွားတဲ့လူတွေလည်းရှိကြပါတယ်-ဒီအထဲမှာ-သင်နှင့်ကျွန်ုပ်တို့ဟာ-ဟောဒီကမ္ဘာကြီးတွင် သက်ရှင်နေထိုင်နေသမျှကာလပါတ်လုံး-အရာရာအားလုံးကိုစူးစမ်းအောင်မြင်သမိုင်းတွင်ရစ်သော-လှုသားတို့ ဖြစ်ကြပါစေ(ကိုဂေါ်လီ-အလင်းရောင်ကြယ်မှ)

ကော်နက်ရှင် မကောင်းလည်း Youtube ဗီဒီယို ကောင်းကောင်း ကြည့်ရန်

ကော်နက်ရှင် မကောင်းလည်း Youtube ဗီဒီယို ကောင်းကောင်း ကြည့်ရန်

မန်မာပြည်ကနေ Youtube ဗီဒီယိုကို မထစ်မငေါ့ပဲ ဖြောင့်ဖြောင့်တန်းတန်း ကြည့်ဖို့ဆိုတော့ လောလောဆယ်မှာ မလွယ်ကူတဲ့ အနေအထား တစ်ခု ဖြစ်ပါတယ်။ သို့ပေမ့ယ် ဒါကို ဖြေရှင်းပေးမယ့် နည်းလေးလေး တွေ့ လိုက်ပါပြီ။ Feather Beta ဆိုတာလေးပါ။ Youtube မှာ ပါတဲ့ Like , Comments, Links နဲ့ ဆိုဒ်ကိုလေးစေတဲ့ အခြားအခြားသော UI နဲ့ Gadgets တွေကို ဖြုတ်ထားပေးမှာ ဖြစ်ပါတယ်။

အောက်ပါ လခ့်ကနေ ဝင်ရပါမယ်။ ပြီးတော့ ပုံမှာပြထားတဲ့ Join "Feather" Beta ဆိုတာလေးကို နှိပ်ယုံပါပဲ။ ပြီးရင် ကိုယ်ကြည့်ချင်တဲ့ Youtube က ဗီဒီယို၊ MTV တွေကို ရှာပြီး ကြည့်လိုက်ရုံပါပဲ။စတင်လုပ်ရန်အောက်ပါလင့် ခ်ကိုနိပ်လိုက်ပါ။

http://www.youtube.com/feather_beta

အသုံးပြုလို့ အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်။

Related Posts Plugin for WordPress, Blogger...

Thursday 20 December 2012

ဂျပန်အဖိုးအိုတစ်ဦး ကမ္ဘာ့အသက်အကြီးဆုံး လူပုဂ္ဂိုလ်အဖြစ် ဂရင်းနစ်စံချိန်တင်

ဂျပန်နိုင်ငံမှ အသက်(၁၁၅)နှစ်ရှိ အဖိုးအို တစ်ဦးသည် ယခုအခါ ကမ္ဘာပေါ်တွင် အသက်အကြီးဆုံး လူပုဂ္ဂိုလ်အဖြစ် တရားဝင် ကြေညာခြင်း ခံခဲ့ရပြီ ဖြစ်သည်။ (၁၈၉၇)ခုနှစ်၊ ဧပြီလ (၁၉)ရက်နေ့က မွေးဖွားခဲ့သည့် ဂျီမိုမွန် ကီမူရာသည် ၎င်း၏ ဘဝတစ်လျှောက်တွင် ရာစုနှစ် သုံးခု၏ ပြောင်းလဲမှုများကို တွေ့ကြုံခွင့် ရခဲ့ပြီး ဖြစ်သည်။
 

ဂျပန်နိုင်ငံမှ အသက်(၁၁၅)နှစ်ရှိ အဖိုးအို တစ်ဦးသည် ယခုအခါ ကမ္ဘာပေါ်တွင် အသက်အကြီးဆုံး လူပုဂ္ဂိုလ်အဖြစ် တရားဝင် ကြေညာခြင်း ခံခဲ့ရပြီ ဖြစ်သည်။ (၁၈၉၇)ခုနှစ်၊ ဧပြီလ (၁၉)ရက်နေ့က မွေးဖွားခဲ့သည့် ဂျီမိုမွန် ကီမူရာသည် ၎င်း၏ ဘဝတစ်လျှောက်တွင် ရာစုနှစ် သုံးခု၏ ပြောင်းလဲမှုများကို တွေ့ကြုံခွင့် ရခဲ့ပြီး ဖြစ်သည်။ ကျိုတိုမြို့ အနီးတွင် နေထိုင်သော အဖိုးအိုအား ဂင်းနစ် ကမ္ဘာ့မှတ်တမ်း ဌာနက ကမ္ဘာ့အသက်အကြီးဆုံး လူသားအဖြစ် တရားဝင် အသိအမှတ်ပြုခဲ့သည်။ ယခင်စံချိန်ရှင်ဖြစ်သော အမေရိကန် နိုင်ငံသူ ဒီနာ မန်ဖရက်ဒီနီ သေဆုံးသွားပြီးနောက် သူမထက် အသက်(၁၅)ရက်သာ ပိုငယ်သည့် ကီမူရာကို ကမ္ဘာ့အသက်အကြီးဆုံး လူသားအဖြစ် ဂင်းနစ်မှတ်တမ်း အဖွဲ့က သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။

ဒီနာသည် တနင်္လာနေ့က အနိစ္စ ရောက်ခဲ့ကြောင်း သူမ၏ ကျန်ရစ်သူ မိသားစုက အတည်ပြုခဲ့သည်။ ကီမူရသည် စာပို့လုပ်သားဟောင်း တစ်ဦးဖြစ်ပြီး လက်ရှိအချိန်တွင် မြေး(၁၄)ဦး၊ မြစ်(၂၅)ဦးနှင့် တီ(၁၃)ဦးကို ရရှိထားပြီဟု APသတင်းဌာနက ဖော်ပြခဲ့သည်။ ကီမူရာသည် လက်ရှိ အချိန်တွင် မိသားစုနှင့်အတူ နေထိုင်ဆဲဖြစ်ပြီး ပျော်ပျော်ရွှင်ရွှင်ပင် ရှိနေသေးကြောင်းလည်း သိရသည်။ ဂင်းနစ်မှတ်တမ်း အဖွဲ့သည် ကီမူရာ၏ စံချိန်သစ်ကို ဗုဒ္ဓဟူးနေ့က အတည်ပြု ကြေညာပေးခဲ့ခြင်းဟုလည်း သတင်းများက ဖော်ပြသွားသည်။

Source:macleans

No comments:

Post a Comment

နောက်ဆုံးတင်ထားသောပို့ ၁၀ခုစာဖတ်ရန်အရုပ်ပုံသို့ ခေါင်းစဉ်သို့ Read more စာအားကလစ်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

အမြဲရှာဖွေတင်ပြသွားသောမှတ်တမ်းမျာဖတ်ရန်

မိတ်ဆွေတို့ မှအကြောင်းအမျိုးမျိုးအကြံကောင်းလေးများရေးသားနိုင်ပါတယ်

ဒစ်ကာဘာရီခိုက်တဲ့ သယ်ရင်းများ

Flag Counter